ဒဂုံတောင် ဩဂုတ် ၂၈
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးသဘာပတိဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းစန်းအေးက အမှာစကားပြောကြားပြီး ဂျီအီးစီ(ပညာရေး)သမဝါယမအသင်း အုပ်ချုပ်မှုဒါရိုက်တာက အသင်းလုပ်ငန်းအရပ်ရပ် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြောင်းသိရသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဒါရိုက်တာအဖွဲ့ဝင်များက ဖတ်ကြားတင်ပြကြပြီး ဂျီအီးစီ(ပညာရေး)သမဝါယမအသင်း အသင်းသား(၃၉၂)ဦးအား အစုပေါ်အမြတ်ငွေကျပ်(၁၈၅၅၂၄)၊ ကုန်ဝယ်ပေါ်ပြန်အမ်းငွေကျပ်(၅၅၆၅၇၂) စုစုပေါင်းငွေကျပ် (၅၈၈၀၀၀၀)ကို ခွဲဝေပေးနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)