နတ်မောက်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ(ရွှေတောင်-၈) စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်

နတ်မောက် ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ တောင်သူလယ်သမားကြီးများသည် မိုးချည်မျှင်ရှည်ဝါသီးနှံများ စိုက်ပျိုးခဲ့ရာ ချည်မျှင်ရှည်ဝါများ(ရွှေတောင်-၈) စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ပညာပေးမှုဖြင့် မျိုးကောင်းမျိုးသန့်များရွေးချယ် စိုက်ပျိုးလာကြပြီး မြေယာပြုပြင်ခြင်း၊ ပိုးသတ်ဆေးနှင့် ရွက်ဖြန်းမြေဩဇာ၊ ဓာတ်မြေဩဇာ၊ သဘာ၀မြေဩဇာများကို စနစ်တကျ အသုံးပြုစိုက်ပျိုးကြသဖြင့် မိုးချည်မျှင်ရှည်ဝါများ အပင်ဖြစ်ထွန်းမှုအားကောင်းပြီး၊ ယခုအခါ အသီးအပွင့်များ လှိုင်လှိုင်သီးပွင့်လာနေပြီဖြစ်ကြောင်း ဒေသခံတောင်သူ ကိုဟန်ဇော်မင်းကပြောသည်။

“ချည်မျှင်ရှည်ဝါကို စိုက်ပျိုးဖို့အတွက် အပင်ပေါက်နှုန်းကောင်းပြီး အထွက်နှုန်းကောင်းတဲ့ ဝါမျိုးများကို  ရွေးချယ်စိုက်ပျိုးခဲ့ပါတယ်၊ အရင်နှစ်များစွာကတော့ မလှိုင်-၅/ ၆ ဝါမျိုး၊ အဲဒီနောက်မှာတော့ ချည်မျှင်ရှည်ဝါမျိုးဖြစ်တဲ့ ငွေချည်-၆၊ ငွေချည်-၈ဝါမျိုးတွေကို စိုက်ပျိုးခဲ့ပါတယ်၊ ပီးခဲ့တဲ့နှစ်ကစပြီးတော့ ရွှေတောင်-၈ ဝါမျိုးကို စိုက်ပျိုးခဲ့ပြီးလက်ရှိတွင်လည်း ဆက်လက်စိုက်ပျိုးလျက်ရှိပါတယ်၊ ကျွန်တော့စိုက်ခင်းမှာ ဇွန်(၂၀)ရက်နေ့မှာ ရွှေတောင်- ဝါမျိုးစိုက်ထားတာ အခုဆိုရင် (၂)လကျော်ကျော်ရှိပါပြီ၊ ရွှေတောင်- ဝါမျိုးက  အပင်အားလည်းကောင်းတယ်၊ အသီးအပွင့်လည်းတင်တယ်၊ အရင်နှစ်ကထက် အထွက်နှုန်းပိုမယ်ထင်ပါတယ်” ဟုတောင်သူကိုဝင်းမောင်က ပြောသည်။

ယခင်နှစ်က မိုးလေဝသအခြေအနေအရ နှမ်းလျင်သီးနှံများအထွက်နှုန်းကျဆင်းခဲ့သဖြင့် ယခုနှစ် ၂၀၂ခုနှစ်တွင် ဝါသီးနှံများကို စောစီးစွာ အားထားစိုက်ပျိုးထားရာ အပင်ဖြစ်ထွန်းမှုအားကောင်းသဖြင့် စက်တင်ဘာလလောက်တွင် ဝါပေါက်များကို ကောက်ယူကြတော့မည်ဖြစ်ကြောင်း၊ ယခုနှစ် နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ (၁၁၂၂၇) ဧကစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မူမူစန်း