သင်္ဃန်းကျွန်း ဩဂုတ် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်းကာ စာရေးဆရာမခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး( Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အသင်းအဖွဲ့ဝင် ဒေါ်စန်းစန်းမြင့်က “ရွေ့လျားစက်လှခါးပေါ်မှသူစိမ်း” ဝတ္ထုတိုအား ဖတ်ပြဆွေးနွေးခဲ့ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များမှ “အချိန်အခါကိုသိပါ” ၊ “သန်းခေါင်းယံကဖုန်းခေါ်သံ” စသည့် စာစုများ၌ပါဝင်သည့် အကြောင်းအရာများအား လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း၌ နေ့စဥ်ကြုံတွေ့နေရသည့် အဖြစ်အပျက်များနှင့်နှိုင်းယှဥ်ကာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ ကျန်ရှိသည့်အကြောင်းအရာစာစုများနှင့် မိမိတို့ကြုံတွေ့ရသည့်အဖြစ်အပျက်နှင့် ပတ်ဝန်းကျင်တွင်မြင်တွေ့ရသည့် အဖြစ်အပျက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)