မိတ္ထီလာမြို့နယ်၌ ၂၀၂၆ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က မိတ္ထီလာပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံမြို့  မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကရင်ပြည်နယ် ဘားအံမြို့တွင် ဈေးများ မီးလောင်မှုမဖြစ်ပွားရေး၊ မီးလောင်မှုများ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန် ရွည်ရွယ်၍ မိးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုအား ယနေ့နံနက် ၈ နာရီက ဘားအံမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ပန်းမြို့၊ ပစ္ဆိမာရုံလူငယ်ပရဟိတ ဂေဟာကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ ပစ္ဆိမာရုံ လူငယ်ပရဟိတဂေဟာကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ရေရှိရရေး နည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် ရေရရှိရေး နည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စီပင်စုကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် သာယာဝဲကျေးရွာအုပ်စု၊ စီပင်စု ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက စီပင်စုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန၌ “ဆယ်စုကိုးလီကျော်ခဲ့ပြီ” စာအုပ်ဖြင့် ရေးသူဖတ်သူ ဆွေးနွေးပွဲကျင်းပ

စာအုပ်စာပေများကို ချစ်မြတ်နိုးပြီး ထူးချွန်ထက်မြက်သည့် စာရေးဆရာများပေါ်ပေါက်လာစေရန်နှင့် စာကောင်းပေမွန်များ ရွေးချယ်ဖတ်ရှုကာ အတွေးအမြင်များ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး) ရေးသားသည့် “ဆယ်စုကိုးလီကျော်ခဲ့ပြီ” စာအုပ်ဖြင့် ရေးသူဖတ်သူဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ (ညောင်ဦး)၊ နေပြည်တော် စာပေဝိုင်းနာယက၊ အမျိုးသားစာပေဆုရှင် အလင်္ကာကျော်စွာ ချစ်နိုင်(စိတ်ပညာ)၊ မြဝတီရုပ်သံတပ်မှူး ဒေါက်တာ အောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်သည်။

တိုက်ကြီးမြို့နယ်၊ ခုနစ်ကျိုက်အရှေ့ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်း၍ လေပွေလှိုင်း တိုက်ခတ်မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အမိုးလန်ပျက်စီး

ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပွေလှိုင်းတိုက်ခတ်မှုကြောင့် ခုနစ်ကျိုက်အရှေ့ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။ 

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၅ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီး အတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်၊ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာဖြေဆိုနေမှုကြည့်ရှုအားပေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ပညာရေးမှူးနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့ပေါ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ဓါတုဗေဒဘာသာရပ်၊ ပထဝီဝင်ဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Subscribe to