စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှု

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံတရုတ်စက်မှု လုပ်ငန်းရှင်းများအသင်းတို့မှလှူဒါန်း၍ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံတွင်ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr.Liu Ming နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်၊ စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတိုပူး‌ပေါင်း၍ နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးနှင့်‌လေ့ကျင့်‌ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်း (အောင်ပန်း)၌ မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုသင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အားခါစာပေနှင့် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို မတ် ၁၃ ရက်က ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ စွန်နောင်ခမ်းရပ်တွင် ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့် ပြည်နယ်မီးသတ်ဦးစီးဌာန၏ပူးပေါင်းမှုဖြင့် ဖွင့်လှစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများ ကိုယ်အမူအယာ၊နှုတ်အမူအယာ ယဉ်ကျေးလိမ္မာစေရန်၊ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံယဉ်ကျေးလိမ္မာသင်တန်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်ကစ၍ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးစစ်‌ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက ယမန်နေ့ နံနက် ၉ နာရီက ဈေး၀ယ်စင်တာ၊ ရုပ်ရှင်ရုံ၊ ဟိုတယ်၊ မိုတယ်များအား အသိပညာပေး စစ်ဆေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရန်ကင်းမြို့နယ် နွေရာသီအဆင့်မြင့်ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ထပ်မံဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီအဆင့်မြင့်ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းကို ယမန်နေ့ နေ့လယ်(၁)နာရီ က ထပ်မံဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ပန်းချီရေးဆွဲတတ်စေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အလုံမြို့နယ်လူမှုဖူလုံရေးရုံး၌ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

အလုံမြို့နယ်တွင် လုပ်သမားဝန်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to