တိုက်ကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း ယစ်မျိုးဆိုင်များ၊ KTV ဆိုင်များ၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ရောင်းချ လျက်ရှိသည့် ယစ်မျိုးဆိုင်များ၊ KTV ဆိုင်များ၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်မှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝါးဒူး-အနောက်စုလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူး-အနောက်စုလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်းတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ကြသည်။

ပိုက်ကျော်ခြင်းလိဂ် ၂၀၂၆ ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ရွှေသံလွင်မီဒီယာတို့ ပူးပေါင်းပြုလုပ်သည့် (Myanmar Sepaktakraw League) ပိုက်ကျော်ခြင်းလိဂ် ၂၀၂၆ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပပြုလုပ်သည်။

နောင်ချိုမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးကြို (ကြံ) စိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးကြို (ကြံ) စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မတ်လ ၁၃ ရက်နေ့က စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ၊ လက်ကမ်းစာစောင် ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများ‌နေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

မိုးနဲမြို့နယ်၌ နွေရာသီအခြေခံ အဆိုနှင့်အက သင်တန်းဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် နွေရာသီအခြေခံအဆိုနှင့် အကသင်တန်းကို မတ်လ ၁၃ ရက်နေ့နံနက် ၉ နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထူးကြီးဈေးအား မီး‌ဘေးကြိုတင်ကာကွယ်‌ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ဈေးများ မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ထူးကြီးဈေးတွင် ဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့၌ အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ထူးချွန်ထက်မြက်သောလူငယ်၊ လူရွယ်များဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန (Community Centre) ခန်းမတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

(၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံပညာစာတက်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနား သို့တက်ရောက်၊ လွိုင်ကော်တက္ကသိုလ် ဓမ္မာရုံရေစက်ချ မင်္ဂလာအခမ်းအနား တက်ရောက်

ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်က ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများနှင့် စာသင်ဝိုင်းအသီးသီးမှ စာသင်သားများ တက်ရောက်ကြသည်။
Subscribe to