မော်လမြိုင်မြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(Central Equipment Identity Register- CEIR)အကြောင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR) အကြောင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါး စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တပေတမော့ကျေးရွာအုပ်စုကွင်းအမှတ် (၁၁၉A)၊ ဦးပိုင်အမှတ်(၃၄/၃)ရှိ တောင်သူ ဦး‌နိုင်ဝင်း၏ လယ်မြေတွင် ယမန်နေ့ နံနက်ပိုင်းက နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်(CEIR)အကြောင်း သိကောင်းစရာနှင့်အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်း

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များနှင့် မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများအား ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်(CEIR)အကြောင်း သိကောင်းစရာနှင့်အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၆-ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

၂ဝ၂၆ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်များကို ဆက်လက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်များကို ယနေ့နံနက် ၉ နာရီအချိန်တွင် စာစစ်ဌာန (၁၁) ခုတို့တွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

ဟုမ္မလင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ လူမှုဝန်ထမ်းဦးဌာန၊ ဟုမ္မလင်းမူလတန်းကြိုကျာင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Soft Skillသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် Soft Skillသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဖြစ်သော Green Challenge Association မှ ဦးအောင်မျိုးပိုင်( Human Resource Management Consultant)က သင်တန်းနှင့်ပတ်သက်သော သုံးသပ်ချက်များအား ရှင်းလင်း ပြောကြားသည်။

ပဲခူးမြို့၊ ကမာနတ်ကျေးရွာ၌ ဖုန်းအားသွင်းထားခဲ့ရာမှ ဖုန်းဘတ္ထရီအပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ပဲခူးမြို့၊ ကမာနတ်ကျေးရွာ ဓါတ်အားခွဲရုံလမ်းတွင် ယမန်နေ့ နေ့လယ်(၁၂)နာရီ(၁၅)မိနစ်ခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောထွန်းဦးဆောင်၍ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၆)ဦး၊ စုစုပေါင်း အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၂၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့ဖြင့် ၁၂နာရီ ၂၁ မိနစ်တွင် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၂နာရီ၂၅ မိနစ်တွင် မီးညွန့်ကျိုး၍ ၁၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့သည်။

သာကေတမြို့နယ် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား မြန်မာနိုင်ငံစာစစ် ဦးစီးဌာနတာဝန်ရှိသူများ လှည့်လည်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စတင်းကျင်းပလျက်ရှိရာ ယမန်နေ့က မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိညွှန်ကြားရေးမှူးချုပ် ဦးမိုးမြင့်ကျော်နှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဗိုလ်တထောင်ခရိုင်အတွင်းရှိ စာစစ်ဌာန ၈ ခုတွင် စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်​အေးချမ်းစွာဖြေဆိုလျက်ရှိ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းရှိကျောင်းသား (၂၃၀၄) ဦး၊ ကျောင်းသူ(၁၆၄၉)ဦး၊ စုစုပေါင်း(၂၉၅၃)ဦးရှိသည့်အနက် ဗိုလ်တထောင်ခရိုင်အတွင်း လာရောက်ဖြေဆိုသူ ပေါင်းကျောင်းသား(၁၁၈၂)ဦး၊ ကျောင်းသူ(၁၅၆၉)ဦး၊ စုစုပေါင်း(၂၇၅၁)ဦး ဖြေဆိုလျက်ရှိပြီး ပျက်ကွက်ကျောင်းသား (၁၂၂)ဦး၊ ကျောင်းသူ (၈၀)ဦး စုစုပေါင်း (၂၀၂)ဦး ပျက်ကွက်ကြောင်း သိရသည်။
Subscribe to