အောင်ပန်းမြို့၊ ပစ္ဆိမာရုံလူငယ်ပရဟိတ ဂေဟာကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကလော မတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ ပစ္ဆိမာရုံ လူငယ်ပရဟိတဂေဟာကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အောင်ပန်းမြို့ ပစ္ဆိမာရုံ လူငယ်ပရဟိတဂေဟာကျောင်း ‌ဆရာမကြီး ဒေါ်ခင်မြရွှေက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦး‌အောင်ကိုကိုက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်း‌ကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က လူငယ်ရေးရာနှင့် ပတ်သက်၍ စာဖတ်ခြင်း အကျိုးကျေးဇူးအကြောင်းတို့ကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုဆိုင်ရာ သိ‌ကောင်းစရာ နံရံစာစောင်များအား ပြသခဲ့ရာ အောင်ပန်းမြို့၊ ပစ္ဆိမာရုံလူငယ်ပရဟိတဂေဟာကျောင်းမှ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)