ကျိုက်လတ် မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် သာယာဝဲကျေးရွာအုပ်စု၊ စီပင်စု ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက စီပင်စုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စီပင်စု ကျေးရွာကုန်ထုတ်လမ်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေ ကျပ် (၂၃၉.၈၄၉)သန်းဖြင့် အတိုင်းအတာ (၁/၃.၈မိုင် × ၁၂' × ၉") အား ဂဝံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းရှိလာခြင်းကြောင့် ကျေးရွာအုပ်စုအတွင်းအဓိက အားထားလုပ်ကိုင်ရသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
လှိုင်မင်းအောင်