ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် တောင်ကြီးမြို့ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ဝာာဝန်ရှိသူများနှင့်အတူ မတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် တောင်ကြီးမြို့ပေါ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်ဒီဂရီကောလိပ်များ၊ ဆေးရုံများနှင့် မြို့တော်ခန်းမတို့တွင် စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် လွိုင်လင်မြို့နယ် စာစစ်ဌာနများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် လွိုင်လင်ခရိုင် တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြသည့် လွိုင်လင်မြို့ အ.ထ.က(၁)၊ စာစစ်ဌာနနှင့် ပင်လုံမြို့ အ.ထ.က(၁) စာစစ်ဌာနများသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁) နှစ်မြောက်တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း (၁၄၀ပေ×၃၀ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

(၈၁) နှစ်မြောက်တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း (၁၄၀ ပေ × ၃၀ ပေ) RCCသုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်‌ထောင်စုနယ်‌မြေ နေပြည်တော် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

ပြည်‌ထောင်စုနယ်‌မြေ၊ နေပြည်တော် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်ဝောာ်ကာင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် (အခမဲ့)အခြေခံပန်းချီ သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံပန်းချီသင်တန်းဆင်းပွဲကို ယမန်နေ့က  အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန Community   Centre  ခန်းမ၌ ကျင်းပသည်။

သင်္ဃန်းကျွန်းခရိုင်၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်း ဆက်လက်သင်ကြားလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် Community Centre ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ယမန်နေ့နံနက်ပိုင်းက အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဘားအံမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလရောက်ပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် ဌာနဆိုင်ရာအဆောက်အဦးများ မီးဘေးအန္တရာယ်လုံခြုံစေရေး ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ဘားအံမြို့နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

မိုးကောင်းမြို့၌ ထွန်းသစ်စ မူကြိုကျောင်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အလယ်ရပ်ကွက်ရှိ Tun This Sa Preschool (ထွန်းသစ်စမူကြိုကျောင်း)၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို အောင်ရှမ်းစုကျေးရွာ ဇမ္ဗူအေးကျောင်းတိုက် ဇမ္ဗူသီရိခန်းမ၌ မတ်လ(၁၃)ရက် နံနက်(၉)နာရီခွဲတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ ဖြေဆိုနေမှုကို လိုက်လံကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့ ကစတင်ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနစုစုပေါင်း ၂၃ ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ စာမေးပွဲတတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမနန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် စာစစ်ဌာနများ၌ အေးချမ်းစွာကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to