ဆေးဝါးတက္ကသိုလ် မန္တလေး၏ (၂၂) ကြိမ်မြောက်နှင့် (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ် မန္တလေး၏ (၂၂) ကြိမ်မြောက်နှင့် (၂၃) ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပခဲ့သည်။