ဗဟန်းမြို့နယ်တွင် နွေရာသီသင်တန်းများ ဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ဗဟန်း မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် အားကစားနှင်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံသင်တန်းများဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကံဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုပြိုင်ပွဲ (အမျိုးသား)နှင့် တိုက်ကွမ်ဒိုပြိုင်ပွဲ (အမျိုးသမီး) တွင် ဆုရရှိသူများကို ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်း၊ အဖွဲ့ဝင် (၂) ဦးစိန်မြင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုအုန်း၊ ဗဟန်းမြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သီတာမျိုနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဗဟန်းမြို့နယ်အားကစားမှူး ဒေါ်အောင်မာဝင်းတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းသူ သင်တန်းသားများက တိုက်ကွမ်ဒိုသရုပ်ပြကပြခဲ့ကြကြောင်း သိရသည်။

ဗဟန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်အတွက် မြန်မာ့သိုင်းသင်တန်း၊ ဝူရှူးသင်တန်း၊ ပြေးခုန်ပစ်သင်တန်း​၊ အေရိုးဗစ်သင်တန်းမြန်မာ့ခြင်းလုံးသင်တန်းနှင့် တိုကကွမ်ဒိုသင်တန်း စုစုပေါင်း နွေရာသီသင်တန်း (၆) မျိုးကို ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး ဗဟန်းမြို့နယ်အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၇၀) ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။

 သင်းသင်းစိုး (ခရိုင်ပြန်/ဆက်)