လဲချား မတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီအားကစားသင်တန်းမှ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း သင်တန်းအား မတ်လ ၁ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအား ယနေ့နံနက် ၁၀ နာရီက သီရိဟံသာခန်းမတွင်ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဉီးနန်းတင့်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းနည်းပြများအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းသူသင်တန်းသားများမှ အေရိုးဗစ်အက၊ မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသခြင်း၊ အခြေခံ ၆၃ မောင်းသရုပ်ပြသခြင်း၊ ၁+၁ လက်နက်မဲ့နှင့်လက်နက်ပါ ဗန်တိုတိုက်ခိုက် သရုပ်ပြသခြင်း၊ ၁+၂ လက်နက်ကိုင်၂ ဉီးနှင့် လက်နက်မဲ့တိုက်ခိုက် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါနွေရာသီအားကစားသင်တန်းများတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ အေရိုးဗစ်၊စသည့်အားကစားနည်းများကို စနစ်တကျလေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)