မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်း ကျင်းပ

မင်္ဂလာတောင်ညွန့် မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ (Youth Club) အဖွဲ့ဖြင့်  စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "တန်ဖိုးရှိသောနေ့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁၄)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိ‌စေမည့် စာအုပ်များကိုလည်း ဖတ်ရှုသင့်ကြောင်းနှင့် စာ‌ပေဖတ်ရှုခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရရှိလာ‌ စေရန်တို့ကို လည်းရှင်းလင်းပြော​ကြား ဆွေးနွေးပါသည်။

ထို့နောက် (Youth Club)အဖွဲ့ဝင်‌ မောင်ကျော်မြင့်ဦးက စာရေးဆရာ‌ ကျော်ကျော်လှိုင် ရေးသားသည့် "တန်ဖိုးရှိသောနေ့"  စာအုပ်မှ ကိုယ်ကျင့်တရားကောင်းအောင်ပြုမှုနေထိုင်ပါ အ‌ ကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး မောင်လရောင်ထက်က ပြန်လည်ဆွေး‌နွေးခဲ့ ပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊    စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေး ဆွေးနွေးပွဲများကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြတ်မြတ်အေး(ပြန်/ဆက်)