နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား UID ကတ်များ နေ့ချင်းပြီးကွင်းဆင်းရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ယနေ့နံနက်  ၇ နာရီခွဲအချိန်က နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကိုနေ့ချင်းပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မုဒုံမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။

မောက်မယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) နှင်းဆီဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့  ငဝန်မြစ်ရေမြင့်တက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့  မြစ်ရေမြင့်တက်နေမှုအခြေအနေအား ယမန်နေ့နေ့လယ်ပိုင်းက ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ရပ်စောက်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရှမ်းကလေးကျွန်းကျေးရွာ ရွာအဝင်ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာအဝင် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရမည်းသင်းမြို့၊ အခြေခံပညာအထက်တန်း‎ကျောင်း (မြို့မ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရမည်းသင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာကျောင်းအုပ် ဆရာကြီး ဦးအောင်အောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

မင်းလှမြို့နယ်တွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ် ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ထောက်ကြံကွင်းကျေးရွာအုပ်စု၊ ဦးတိုကျေးရွာတွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်းတိုးချဲ့‌ကျောင် းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့သည်။
Subscribe to