မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်)အားကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်)ကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်က‌ ကျောင်းသား/ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း ဆက်လက်ကျင်းပလျက်ရှိရာ မတ်လ ၁၆ ရက် နံနက် ၉ နာရီကစတင်၍ သတ်မှတ်စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် (၂၀၂၆) ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၆) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန(၉)ခုဖြင့် မတ်လ (၁၁)ရက်မှစတင်၍ ကျင်းပဆောင်ရွက်ရာ ယနေ့နံနက် (၉)နာရီ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိသည်။

ကသာမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကလိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို အေးချမ်းစွာဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်) ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်) ကို ယနေ့နံနက် ၉ နာရီအချိန်က‌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ကျောင်းသား၊ ကျောင်းသူ ၂၅၂၂ ဦး ဝင်ရောက်ဖြေဆို

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ဖြစ်သည့်၊ မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီတွင်  ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၂၄၇၀ ဦး၊ စက်မှုစိုက်မွေး အ.ထ.က(လက်ပံပျား)၌ ကျောင်းသား၊ ကျောင်းသူ ၅၂ ဦး စုစုပေါင်း ၂၅၂၂ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

မြစ်သားမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဌာနဆိုင်ရာရုံးများ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းကို မတ် ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မင်းကုန်းရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင် ရွက်ခဲ့သည်။

ရပ်စောက်မြို့၌ ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများရှိစေရန်နှင့် ဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် (၁ဝ)နာရီအချိန်က သုတေသီ(ဘုန်းမြင့်သွေး)ရေးသားသည့် "ဘဝတန်ဖိုးအမှန်တိုးအောင်"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Subscribe to