၂၀၂၆ ခုနှစ်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တတိယအကြိမ် ကန်တော်ကြီးပတ်လမ်း အမျိုးသား/အမျိုးသမီး (အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲ ကျင်းပ

ရန်ကုန် မတ် ၁၅

၂၀၂၆ ခုနှစ်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တတိယအကြိမ် ကန်တော်ကြီးပတ်လမ်း အမျိုးသား/ အမျိုးသမီး (အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက်ကာ ပြိုင်ပွဲများကို ဖွင့်လှစ်ပေးသည်။

အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသသကြီး စက်ဘီးဆပ်‌ကော်မတီ ဥက္ကဌနှင့် အမှု‌ဆောင်များ၊ စက်ဘီး ၀ါသနာရှင်များနှင့် ပြည်သူများက ကြည့်ရှုအား‌ပေးကြသည်။

ယင်းပြိုင်ပွဲကို ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့မှ တာလွှတ်ပြီး ကန်တော်ကြီးပတ်လမ်းကို အမျိုးသားခုနှစ်ပတ်၊ အမျိုးသမီးငါးပတ်စီးနင်းကာ တာလွှတ်သည့် နေရာ သို့ ပြန်လည်ပန်းဝင်ကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က အားပေးကြိုဆိုကြ သည်။

ထို့နောက် ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တတိယအကြိမ် ကန်တော်ကြီးပတ်လမ်း အမျိုးသား/ အမျိုးသမီး (အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အသက်အကြီးဆုံး/ အသက်အငယ်ဆုံး အားကစားသမားများနှင့်နှစ်သိမ့်ဆုရရှိသူများကို ဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပန်းဝင်သူအားလုံးကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါ ပြိုင်ပွဲတွင် စက်ဘီး အားကစားသမား အမျိုးသား(၃၂၀)ဦး၊ အမျိုးသမီး (၄၃) ဦး စုစု‌ပေါင်း (၃၆၃) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)