ပဲခူးမြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပဲခူး ဇွန်

၂၀၂၄ ခုနှစ်၊ ဇွန်လ () ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက  ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာပေါ်ရှိတဲ့လူသားများ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာရာ စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံတိုးချဲ့ ထုတ်လုပ်လာခြင်းနှင့် သဘာဝသယံဇာတအရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာသည့်အတွက် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုပြဿနာတွေ သိသိသာသာ ရင်ဆိုင်ကြုံတွေ့နေရပြီး ဖန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိမှု မြင့်တက်လာကာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ မိုးခေါင်ရေရှာခြင်း၊ စိုက်ပျိုးသီးနှံ အထွက်နှုန်းလျော့ကျခြင်းများ ဖြစ်ပေါ်ခံစားနေရကြောင်း၊ ဒီအခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် မြေယာပြန်လည်ထူထောင်ခြင်းအပြင် မြေအောက်ရေလျော့နည်းခြင်း၊ ရေချိုရေသန့်ရှားပါးခြင်းတို့မဖြစ်ပေါ်စေရေး သစ်တောသစ်ပင်များကို ထိန်းသိမ်းကာကွယ်ခြင်း၊ မိုးရေကို စနစ်တကျ စုဆောင်းသုံးစွဲခြင်း၊ လေနှင့်ရေတိုက်စားမှုကို ကာကွယ်နိုင်သည့် နှစ်ရှည်ခံ အရိပ်ရသစ်ပင်များ၊ သီးပင်စားပင်များ စိုက်ပျိုးသွားရန်နှင့် သစ်ရွက်ကိုင်ခြောက်များအား မီးမရှို့ဘဲ အပင်ခြေတွင်စုပုံကာ မြေဆီလွှာအကာအကွယ်အဖြစ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူသားတို့ မှီတင်းနေထိုင်သည့် ကမ္ဘာကြီး ထာဝစဉ်စိမ်းလန်းစိုပြေပြီး ဇီဝမျိုးစုံမျိုးကါဲများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းခြင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ လက်ဆင့်ကမ်းပေးနိုင်ရေးအတွက် လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတကြွယ်ဝစွာဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများမှာ အလေ့အကျင့်ကောင်းတွေ ကျင့်သုံး၍ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအား သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း ယှဉ်ပြိုင်ရာ၌ ပထမဆုရရှိကြသည့် ကျောင်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က စိမ်းလန်းစိုပြေသောကျောင်း အထက်တန်းအဆင့် အထူးဆုရရှိသည့် ကျောင်းအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စိမ်းလန်းစိုပြေသောကျောင်း အလယ်တန်းအဆင့် အထူးဆုရရှိသည့် ကျောင်းအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက စိမ်းလန်းစိုပြေသောကျောင်း မူလတန်းအဆင့် အထူးဆုရရှိသည့် ကျောင်းအားလည်းကောင်း အသီးသီး ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များအား ချီးမြှင့်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ/အလုပ်ရုံဆုရရှိသည့် စက်ရုံတာဝန်ရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများအား ချီးမြှင့်ခဲ့ကြသည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်သီချင်းတို့အား ကြည့်ရှုခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကာ ပြခန်းအတွင်း ပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်သည်သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)