ရွှေကျင်မြို့တွင် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရွှေကျင် ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Book Club )၊ (Woman Club)အဖွဲ့များပူးပေါင်း၍ ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က စာရေးဆရာ ဒေါက်တာ ကျော်ဇောဟိန်း ရေးသားသည့် "တစ်သက်တာ ကျန်းမာရေးအကြံပေး" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစု‌အောင်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များအနေဖြင့် ကျန်းမာရေးနှင့် ပတ်သက်၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုများ တိုးပွား၍ စာပေချစ်သူများ တစ်ဦးနှင့်တစ်ဦး ပြန်လည်မျှဝေခြင်းဖြင့် ချစ်ခင်ရင်းနှီးမှု ရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော (Book Club) အဖွဲ့ဝင် ဦးအောင်မင်း၊ (Woman Club) အဖွဲ့ဝင် မခင်‌ထွေး၊ မသဇင်နှင့်‌ မမေသူအောင်တို့က ကျန်းမာရေးနှင့် ပတ်သက်၍ စာရေးဆရာ ဒေါက်တာ ကျော်ဇောဟိန်း ရေးသားသည့် "တသက်တာ ကျန်းမာရေးအကြံပေး" စာအုပ်ပါ အကြောင်းအရာများကို မိမိတို့၏ အခန်းအလိုက်ဖတ်ကြား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း စာအုပ်ပါအခန်းတစ်ခုချင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)