သာယာဝတီမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ

သာယာဝတီ   ဇွန်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(၁)သာယာဝတီပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းကမှ အဖွင့်အမှာစကားပြောကြားပြီး  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက သဝဏ်လွှာဖတ်ကြားကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗီဒီယိုအား ပရိုဂျက်တာဖြင့်ပြသပြီး သန့်ရှင်း၍စိမ်းလန်းစိုပြည်သော‌ကျောင်း" ဆုရရှိသည့် ကျောင်းများအား တာဝန်ရှိသူများကဆုချီးများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ 

ထို့နောက် အ.ထ.က(၁)သာယာဝတီမှ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးအား ယခုနှစ်ဆောင်ပုဒ်ဖြစ်သော သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးခေါင်းစဥ်ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစေ၈ာင်များဖြန့်ဝေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်းကာ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)