နွားထိုးကြီးမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးစမှ အသက် (၁) နှစ်ခွဲ ကလေးများကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

နွားထိုးကြီး ဇွန် ၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်မွေးစမှ အသက် (၁) နှစ်ခွဲ၊ ကလေးများကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ရာ၌ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးစမှ (၁) နှစ်ခွဲကလေးများကို လစဉ် (၅) ရက်နေ့တွင် အဆုတ်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသဲရောင်အသားဝါ၊ ဦးနှောက်အမှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး (၅) မျိုးစပ်၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်းအောင်ဇော်