ကွန်ဟိန်း ဇွန် ၅
တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးချိန်တွင် လိုအပ်သည့် စိုက်ပျိုးစရိတ် အရင်းအနှီးများ ရရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး၌ ယနေ့ နံနက် ၁၀ နာရီခန့်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲ (လွိုင်လင်မြို့)မှ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ကွန်ဟိန်းမြို့နယ် အတွင်းရှိ တောင်သူ (၄၅) ဦး မိုးစပါး ဧက (၃၃၇)ဧက အတွက် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ချေးပေးရာတွင် လွိုင်လင်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြို့ရေးဘဏ် ခရိုင်မန်နေဂျာ ဦးဇော်မင်းခိုင်နှင့် အဖွဲ့ဝင်များက ကွန်ဟိန်းမြို့နယ်အတွင်းရှိ တောင်သူ (၄၅) ဦးအား စပါး (၃၂၆)ဧက၊ ပြောင်း (၁၁) ဧက စုစုပေါင်း (၃၃၇) ဧကအတွက် ငွေကျပ် စုစုပေါင်း သိန်းငါးရာတိတိ ထုတ်ချေးပေးရာ စပါးတစ်ဧကကို ငွေကျပ် တစ်သိန်းခွဲနှုန်း၊ ပြောင်းတစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး ဘဏ်တိုးနှုန်းမှာ ၆၅ ပြားဖြစ်ကြောင်း သိရသည်။
ထိုသို့ထု တ်ချေးပေးရာတွင် ပုံစံ ၇ ကို အာမခံထားရှိရပြီး သီးနှံပေါ်ချိန် ချေးငွေပြန်ဆပ်ရာတွင် ပုံစံ ၇ ကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)