ကျိုက်လတ် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့နံနက်(၉)နာရီက ဆူးကဏန်းကျေးရွာအုပ်စု၊ စားကျက်ကွေ့နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇံရွှေ၊ မြို့နယ်သစ်တောဉီးစီးဌာနမှ တာဝန်ခံတောအုပ်ကြီး ဉီးအောင်မျိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် မန်ဂျန်ရှားပျိုးပင် (၂၀၀)ပင်၊ ယမနေပျိုးပင်(၁၀၀)ပင်၊ စုစုပေါင်းပျိုးပင် (၃၀၀)အား စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်