စလင်း ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မြို့မစည်ပင်သာယာစျေးနှင့် ဆင်ဖြူကျွန်းမြို့၊ မြို့မစည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့်ဝန်ထမ်းများ ဆင်ဖြူကျွန်းစျေးတာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ ဝန်ထမ်းများပူးပေါင်းအဖွဲ့များပါဝင်သော အဖွဲ့များလိုက်ပါ၍ အသားငါးစျေးနှုန်းအပါအဝင် အသားငါးများစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် အလေးချိန်ခွင်ပြည့်ဝစွာ ချိန်တွယ်ခြင်းဖြင့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများပြုလုပ်ရန်တို့ကို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း