ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်နှင့်ရူပဗေဒ ဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအားမတ်လ ၁၆ ရက်၊နံနက် ၉ နာရီကစတင်၍ သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိသည်။

ပုဗ္ဗသီရိမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တခရိုင်၊ ပုဗ္ဗသီရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ထူးချွန်ထက်မြတ်သော လူငယ်၊ လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို အဆိုပါဦးစီဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အခမဲ့ သင်ကြားပို့ချပေးလျက်ရှိသည်

ကန်ကြီးထောင့်မြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲပဥ္စမနေ့ (ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သီးနှံကာကွယ်ရေး၊ ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေးဘာသာရပ်)တို့အား ကျောင်းသား/ကျောင်းသူ (၁၂၃၆) ဦး ဆက်လက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာန အပါအဝင် စာစစ်ဌာန (၁၀)ခု၌ ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ပဉ္စမနေ့  (ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သီးနှံကာကွယ်ရေး၊ ရေသတ္တဝါ မွေးမြူရေးနှင့် ပျားမွေးမြူရေးဘာသာရပ်)တို့အား ကျောင်းသား/ကျောင်းသူ (၁၂၃၆) ဦး  ယနေ့နံနက်ပိုင်းက စတင်၍  အေးချမ်းစွာဖြေဆိုလျက်ရှိ‌ကြောင်းသိရသည်။

ညောင်ဦးမြို့ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ်နှင့်ဒုတိယနှစ်သင်တန်း (ပထမနှစ်ဝက်) အရည်အချင်းစစ်စာမေးပွဲဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ် (ပုဂံ)တွင် ၂၀၂၅-၂၀၂၆ ပသာသင်နှစ်၊ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း အရည်အချင်းစစ် စာမေးပွဲအား မတ် ၁၆ ရက် နံနက် ၉ နာရီကစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ G-12 ကျောင်းသား / ကျောင်းသူများ ရူပဗေဒ ဘာသာရပ်နှင့်သမိုင်းဘာသာရပ်ဖြေဆို

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် Grade- 12 ကျောင်းသား/ ကျောင်း သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က-၁ တနိုင်းစာစစ်ဌာနနှင့် အ.ထ.က-ရှင်ဗွေယန်စာစစ်ဌာန၌ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ဖြေဆိုကြောင်း သိရသည်။

ယဉ်ကျေးလိမ္မာသင်တန်းသန်လျင်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

သန်လျင်မြို့နယ် သာသနာ့နုဂ္ဂဟအသင်းအနေဖြင့် နွေရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗုဒ္ဓမြတ်စွာသာသနာ၏ အကြောင်းတရားများကို သိရှိနားလည်တတ်စေရန် (၃၈) ဖြာနှင့် ယဉ်ကျေးလိမ္မာသင်တန်းများကို သန်လျင်မြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ပခုက္ကူမြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ဘားအံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဖြေဆို

၂၀၂၆ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူး-အနောက်စု  ကွန်ကရစ်လမ်းဖွင့်ပွဲ တက်ရောက်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူး-အနောက်စု ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ကျောင်းကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ ဆက်လက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ Grade-12(ဒွါဒသမတန်း) ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာနှင့်သမိုင်းဘာသာ ယနေ့နံနက် ၉ နာရီအချိန် ဆက်လက်ဖြေဆိုခဲ့ကြသည်။
Subscribe to