ရန်ကုန် မတ် ၁၆
သန်လျင်မြို့နယ် သာသနာ့နုဂ္ဂဟအသင်းအနေဖြင့် နွေရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗုဒ္ဓမြတ်စွာသာသနာ၏ အကြောင်းတရားများကို သိရှိနားလည်တတ်စေရန် (၃၈) ဖြာနှင့် ယဉ်ကျေးလိမ္မာသင်တန်းများကို သန်လျင်မြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယင်းသို့ သင်ကြားပေးရာတွင် သန်လျင်မြို့နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဒေါ်နန်းသန်းသန်းထွေးနှင့် အမှုဆောင်များက မြို့မတောင်ရပ်ကွက် ထန်းတစ်ပင် အ.မ.က တွင် အခြေခံဗုဒ္ဓဘာသာများကို အမှုဆောင်များနှင့်အတူ သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၁) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ