မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ၊ သမိုင်းဘာသာရပ်များ ကျောင်းသား၊ ကျောင်းသူ ၁,၃၀၈ ဦး ဆက်လက်ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ‌မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ မြစ်သားမြို့နယ်တွင်လည်း မတ်လ ၁၆ ရက်နေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ၊ သမိုင်းဘာသာရပ်များကို စာစစ်ဌာနလေးခုတွင် ကျောင်းသား၊ ကျောင်းသူ ၁,၃၀၈ ဦးတို့ ဆက်လက်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအားရှင်းလင်းပြောကြား၊ လုပ်ငန်းသုံးဆီများ သတ်မှတ်စျေးနှုန်းဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့က မြို့နယ်အတွင်း စားသောက်ကုန်လုပ်ငန်းသုံးဆီထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်းပြောကြားခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လှိုင်မြို့နယ်လုံးဆိုင်ရာ (ဆဋ္ဌမ) အကြိမ်မြောက် သာသနနုဂ္ဂဟပရိယတ္တိစာတော်ပြန်ပွဲကြီး အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် (ဆဋ္ဌမ) အကြိမ်မြောက် လှိုင်မြို့နယ်လုံးဆိုင်ရာ သာသနနုဂ္ဂဟပရိယတ္တိစာတော်ပြန်ပွဲကြီးတွင် ပြန်ဆိုအောင်မြင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ ဇေယျဝတ္တီပရိယတ္တိစာသင်တိုက် ဝိဇ္ဇာဓရဓမ္မဗိမာန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ အခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်

တနိုင်းမြို့နယ်၌ အခြေခံပန်းချီပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်း ပပြုလုပ်သည်။

ရပ်‌စောက်၌ လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် ကလေးများအား အရုပ်ခေါက်ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာဖတ်ပရိသတ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်၍ စိတ်ရွှင်လန်းစေရေး နွေရာသီကျောင်းပိတ်ရက် ကလေးများအား အရုပ်ခေါက်ပြိုင်ပွဲကို မတ်လ ၁၆ ရက်နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

ပန်းတောင်းမြို့နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာနေရာများနှင့် ဥသျှစ်ပင်မြို့မဈေးတို့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများ၊ ဈေးသွားဈေးလာများအား အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကရသူရိမြို့၊လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသ‌ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ စာကြည့်တိုက်သို့လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူကလေးများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသ‌ ဆောင်ရွက်ခြင်းကို မတ်လ ၁၆ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာနှင့်သမိုင်းဘာသာ ဆက်လက်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာနှင့်သမိုင်းဘာသာကို ယနေ့နံနက်ပိုင်းက အ.ထ.ကဘုတ်ပြင်း စာစစ်ဌာနတွင်  ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to