ကျောင်းကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ ဆက်လက်ဖြေဆို

ကျောင်းကုန်း မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ Grade-12(ဒွါဒသမတန်း) ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာနှင့်သမိုင်းဘာသာ ယနေ့နံနက် ၉ နာရီအချိန် ဆက်လက်ဖြေဆိုခဲ့ကြသည်။

ယနေ့တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား (၆၂၉) ဦးနှင့် ကျောင်းသူ (၇၁၉) ဦး၊ စုစုပေါင်း (၁၃၄၈) ဦး ဝင်ရောက်‌ဖြေဆိုခဲ့ကြပြီး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၉၇) % ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က ဂုန်မင်း၊ အ.ထ. က အစုကြီး၊ အ.ထ. က ချောင်ကြီး၊  အ.ထ.က တံခွန်တိုင်၊ အ.ထ.က ဒေါင့်ကြီး၊ အ.ထ.က ပေါက်ဆိန်ပဲ့၊ အ.ထ.ကဝက်ခြံဂရက်၊ အ.ထ. က လှည်းဆိပ်နှင့် အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်းစသည့် အခြေခံပညာအထက်တန်း ကျောင်း (၁၁) ကျောင်း၌ ဖြေဆိုခဲ့ကြကြောင်းနှင့်အဆိုပါစာစစ်ဌာနများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်လံကြီးကြပ်ကာ စစ်ဆေးခဲ့ကြကြောင်း သိရ သည်။

ဝင်းကြိုင်