ပခုက္ကူမြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ မြို့ရှောင်လမ်းရှိ ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်တာဝန်ရှိသူများအား မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများစနစ်တကျထားရှိရေး၊ မီးသတ်ဆေးဘူးများစနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရေး၊ ရေကန်နှင့်ရေစင်များကို ရေအပြည့်ဖြည့်တင်းထားရှိရေးတို့ကို အသိပညာပေးဟောပြောခြင်း၊ ဆိုင်ဝန်ထမ်းများအား မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)