ညောင်ဦးမြို့နယ်၌ စုံရက်၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် ကန့်သတ်မောင်းနှင်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီချွေတာနိုင်ရန် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ‘’စုံ”ရက်တွင် ‘’စုံ”နံပါတ်ပါသော အက္ခရာယာဉ်များ၊ "မ"ရက်တွင် "မ" နံပတ်ပါသော အက္ခရာယာဉ်များခွဲခြားပြီး မော်တော်ယာဉ် ကန့်သတ်မောင်းနှင်သည့်စနစ်အား အသိပေးထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ညောင်ဦးမြို့တွင် သွားလာအသုံးပြုလျက်ရှိသည့် မော်တော်ယာဉ်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲကစတင်၍ ပူးပေါင်းအဖွဲ့ဖြင့်ကွင်း ဆင်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။