ဘားအံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဖြေဆို

ဘားအံ မတ် ၁၆

၂၀၂၆ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးခြင်းကို ဘားအံမြို့နယ်တွင် အ-ထ-က (၁) ဘားအံ စာစစ်ဌာန၊ အ-ထ-က (၂) ဘားအံ စာစစ်ဌာန၊  အ-ထ-က(၃) ဘားအံစာစစ်ဌာန၊ အ-ထ-က(၄) ဘားအံစာစစ်ဌာနတို့တွင် ရူပဗေဒဘာသာရပ်၌ ဖြေဆိုရန်စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူ(၂၁၈၃)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ(၂၁၀၄)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၃၈)ရာခိုင်နှုန်း၊  သမိုင်းဘာသာရပ်တွင် ဖြေဆိုရန်စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူ(၅၈)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၅၇)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၈.၂၈) ရာခိုင်နှုန်းရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲဖြေဆိုပြီးချိန်တွင် အအေးနှင့်မုန့်များ ‌ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)