ပုဗ္ဗသီရိမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား

ပုဗ္ဗသီရိ မတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တခရိုင်၊ ပုဗ္ဗသီရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ထူးချွန်ထက်မြတ်သော လူငယ်၊ လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို အဆိုပါဦးစီဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အခမဲ့ သင်ကြားပို့ချပေးလျက်ရှိသည်

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဦးပြည့်ဖြိုးဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသားကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ ကိုပေးအပ်ခဲ့သည်။ ဆက်လတ်၍  ဆရာကာတွန်း အိမောင်မှ ပန်ချီရေးဆွဲနည်းများကို ပို့ချသင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၃)ဦး တက်ရောက်သင်ယူလျက်ရှိပြီး မျဉ်းများအကြောင်း၊ အ‌ရောင်များအကြောင်းနှင့် လူ၊ တိရစ္ဆာန်ရေးဆွဲနည်း စသည့်သင်ခန်းစာများကို ပို့ချင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းကာလမှာ (၁၆.၃.၂၀၂၆)မှ (၂၀.၃.၂၀၂၆) အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)