မြစ်သားမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ ပါဠိပထမပြန် စာမေးပွဲအောင်လက်မှတ်နှင့်စာအောင် ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရွှေမုဋ္ဌေဘုရားဝန်း အတွင်းရှိ နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပသည်။