မအူပင် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စုတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းသရုပ်ပြပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အဆိုပါစိုက်ပျိုးနည်းသရုပ်ပြပွဲအား ကျုံစုတ်ကျေးရွာအုပ်စု၊ ကျုံစုတ်ကျေးရွာရှိ ကွင်းအမှတ်(၉၈၈)၊ ဦးပိုင်အမှတ်(၃၄)၊ ဧရိယာ(၅.၀၀)ဧကရှိ ဒေါ်စိန်ကြည်ဝင်း၏လယ်ယာမြေတွင် ၂၀၂၄-၂၀၂၅ ခုနှစ်(မိုးရာသီ)မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)