လားရှိုး ဇွန် ၁၀
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးခြင်းကို လားရှိုးမြို့၊ သိန္နီလမ်းရှိ ကျားခေါင်း အီလက်ထရောနစ်လျှပ်စစ်ပစ္စည်းဆိုင်တွင် ဆောင်ရွက်ခဲ့ကြပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းခမ်းထွန်းမေဦးက အလုပ်သမားဥပဒေ နှင့်ပတ်သက်၍ သိကောင်းစရာများ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ကိုကိုနိုင်က အလုပ်ရှင်အလုပ်သမားဥပဒေများနှင့်ပတ်သက်၍ သိကောင်းစရာများ၊ မြို့နယ်အဆင့် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ မြို့နယ်အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လူထုအခြေပြုဗဟိုဌာန(Community Centre) (Lashio)တွင် ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးရေးလုပ်ငန်းများနှင့် သင်တန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။ အဆိုပါအသိပညာဆွေးနွေးပွဲသို့ အလုပ်ရှင်နှင့်အလုပ်သမား ၁၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)