ကျောက်တန်း ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အောက်ရှိ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ်(၃)ရှိ Myan Oil Terminal Company Limited ဝန်းအတွင်းရှိ Ware House ၌ ယမန်နေ့ နံနက် ၁၀နာရီက စတင်ဆောင်ရွက်ပေးခဲ့သည်။
မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် ( Fire Safety Certificate ) ရယူဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံလုပ်နည်းနှင့် ကိုက်ညီမှု ရှိ/မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦး ဦးဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)