ပင်လုံ ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများအား ချပြရှင်းလင်းပွဲကို ယနေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထွန်းမြတ်နိုင်၊ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်ဦးနှင့် ပင်လုံမြို့မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးတို့က စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများအား အသီးသီးရှင်းလင်းဟောပြောခဲ့သည်။ ဟောပြောပွဲသို့ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)