မုံရွာ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း သူနာပြုသားဖွားဒီပလို မာ(၃၀)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင် ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ စိတ်ဓါတ်ခံယူချက်မှန်ကန်ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်များ ဆောင်ရွက်နိုင်သည့် သူနာပြုကောင်းများဖြစ်အောင် ယခုအချိန်မှစပြီး စာတွေ့/လက်တွေ့များအား စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ မိမိ တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမုံရွာ၏ လိုအပ်ချက်များအား အခါအခွင့်သင့်တိုင်း ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းသည် ကျန်းမာရေးဝန်ထမ်းအင်အားနှင့်လုပ်ဆောင်မှုများ ကောင်းရင်ကောင်းသလို မြင့်မားလာမှာဖြစ်ပြီး အရည်အချင်းပြည့်ဝသည့် ကျန်းမာ ရေးစောင့်ရှောက်သူများအား မွေးထုတ်ပေးနေသည့် ယခုလိုသင်တန်းကျောင်းများတွင်လည်း ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ ပညာရည်မြင့်မားအောင်၊ အသိအလိမ္မာဖွံဖြိုး တိုးတက်လာ အောင်၊ ဝေဖန်ပိုင်းခြားနိုင်သည့် အသိအမြင်ရှိလာအောင် သင်ကြားလေ့လာသွားကြရန် လိုအပ်ပါ ကြောင်း၊ ပြည်သူများကြားတွင် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ-နာ(၅)နာနှင့် ပြုစုစောင့်ရှောက်မှုပေးသွားကြရန် လိုအပ် ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပတ်စဉ်(၃၀) သူနာပြုသားဖွား သင်တန်း သား/သူ (၇၆) ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် - ၃၈၀၀၀၀၀ (သုံးဆယ်ရှစ်သိန်း)အား သင်တန်းသား/သူများကိုယ်စား သင်တန်းသား/သူ ၂ ဦးထံ ထောက်ပံ့ ပေးအပ်ပြီး ၂၀၂၃-ခုနှစ်၊ ပထမနှစ်(Senior) အတန်းတင်စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေးအပ်ချီးမြှင့် ကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မုံရွာ-သူနာပြုနှင့်သားဖွားသင် တန်းကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ငွေများပေးအပ်ပြီး မုံရွာ-သူနာပြု နှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ် နှင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိ သူများက သူနာပြုသားဖွားဒီပလိုမာ(ပထမ)နှစ် သင်တန်းသား/သူများအား ဂျူတီကုတ် နှင့် ဦးဆောင်းများ အပ်နှင်းကြပြီး သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သူနာပြုသားဖွား သင် တန်းသား/သူများ၏ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး တိုင်းဒေ သကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြ သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိထမင်းစားဆောင်တွင် ကျောင်းအုပ်ဆရာမကြီး၊ နည်းပြများနှင့် သင်တန်းသား/သူများနှင့်အတူ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)