ခန္တီးမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ခန္တီး ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များအား အတွေးအခေါ်မြင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်လာစေရန် နှင့် စာအုပ်စာပေ လေ့လာဖတ်ရှုလိုစိတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြည်သူ့စာကြည့်တိုက်၌ ယနေ့ မွန်းလွဲ(၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ကျင်းပပြုလုပ်ရာ စာရေးဆရာမ မိုးပန်းမွန်(ရာမည)ရေးသား ထားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် လူငယ်တို့အတွက် အတွေးစာစုများစာအုပ်မှ မောင်ကောင်းထက်က တန်ဖိုးရှိသောလူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုပြည့်သဇင်က လူငယ်နှင့် အချိန်၏တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသော စာပေချစ်မြတ်နိုးသူ (Youth Club)အဖွဲ့ဝင်များက သိရှိလိုသည်မေးကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြပြီး လိုအပ်သည်များကို ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဖြည့်စွက်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)