ညောင်လေးပင် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး မြေစိုက်ဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ဘုတ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ(၂၀၁၉)၊ ကလေးသူငယ်များအား လုပ်ကိုင်ခွင့်ပြုသည့်နေရာများ၊ ကလေးသူငယ်များအား ခိုင်းစေခြင်းမပြုရမည့် အလုပ်များနှင့် လုပ်ငန်းရှင်များအနေဖြင့် ကလေးများကိုမည်သို့ ကာကွယ်စောင့်ရှောက်ပေးနိုင်သနည်း စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
