ကျောင်းကုန်း ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကျန်းမာရေးပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဥ်ယဉ်မြင့်က မြို့နယ် အတွင်းရှိ ကလေးငယ်များ “ခြင်”ကိုက်မခံကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁)စောစေးထယ်ဝင်းက သွေးလွန်တုပ်ကွေး ဖြစ်ပွား နိုင်မှုအခြေအနေများ၊ ဖြစ်ပွားလာပုံ အဆင့်ဆင့်၊ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခတ်ခြင်းလုပ်ငန်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ “ခြင်”ဆေးဖျန်းခြင်းတို့ ဆောင်ရွက် ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က “ဆေးလိပ်ဆေးရွက် ထိုထိုအရက်အားလုံးတို့ရန်ဘက်”ခေါင်းစဉ်ဖြင့် ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းနှင့်ဆရာ/ဆရာမများ၊ Grade-9, Grade-10, Grade-11 မှ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
 
     
    