လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံ ဂုဏ်ထူးရှင် ၁၈ ဦး အပါအဝင် ကျောင်းသား/ကျောင်းသူ ၇၂၈ ဦး အောင်မြင်

လှည်းကူး ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၄ နာရီက အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၇) ခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၂၈ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် စာစစ်ဌာန(၇)ခု၌ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၉၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၇၂၈)  ဦး ဖြေဆိုအောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်း (၅၆.၃၉) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၆)ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊  (၄)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၉)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၂၀) ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင် (၈၅)  ဦး၊ ရိုးရိုးအောင်(၅၄၆)ဦး ရှိပြီး ဂုဏ်ထူးရရှိသည့် ဘာသာများမှာ မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ နှင့် ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)