ကျိုင်းတောင်း ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာမူလတန်း (ပါဆာ) ကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတအသိပညာများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသား၊ ကျောင်းသူများကို “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး အသိဉာဏ်ပညာများဖွံ့ဖြိုးစေရန်အတွက် ဗဟုသုတ ရရှိနိုင်သော စာပေများဖတ်မှတ်လေ့လာရမည့် အကြောင်းအရာများကို ဖြည့်စွတ်ကာ ဟောပြော၍ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသော အကြောင်းအရာများကို ဆွေးနွေးဟောပြော ဆောင်ရွက်ခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား ဆန့်ကျင်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)
 
    