ဗိုလ်တထောင် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇) အနောက်ရပ်ကွက်၊ (၇)ဈေးလမ်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ စိန်ညီလာခန်းမတွင် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာနှင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူ) အထက်တန်းကျောင်းသား/သူများအား ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စာရေး ကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ခရိုင်အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ ခရိုင်အဖွဲ့ဝင် (၂) ဦးဝင်းလှိုင်၊ အဖွဲ့ဝင်(၃) ခရိုင်လဝက ဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ အတွင်းရေးမှူး ဗိုလ်တတောင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာ ခင်သူဇာစိန်၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးများ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား အစီအစဉ်(၁၅)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာအခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ပြီး ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဆက်လက်၍ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်အမျိုးသမီးရေးရာ ကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ခရိုင်လဝက ဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာ ခင်သူဇာစိန်၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေး၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းတို့က စက်မှုကျောင်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြပြီး ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာ ခင်သူဇာစိန်မှ ကျေးဇူးတင်စကား ပြောကြားခဲ့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် အခမ်းအနားအပြီးတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင် နှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များမှ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ အမှတ်(၂) အခြေခံပညာနှင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူ) အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)