ကချင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

နေပြည်တော် ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နယ်ရှိစာစစ်ဌာန (၂)ခု၌ စုစုပေါင်း ၁၀၁၂ ဦးအနက် အောင်မြင်သူ ၆၈၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၅ ဒသမ ၁၅၊ ရွှေကူမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၄၁ ဦးအနက် အောင်မြင်သူ ၁၄၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၉၂၊  မြစ်ကြီးနားမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၃၂၅ ဦးအနက် အောင်မြင်သူ ၈၅၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၆၀၊ တနိုင်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၃၄၄ ဦးအနက် အောင်မြင်သူ ၁၇၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၁၊ဝိုင်းမော်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၃၉၂ ဦးအနက် အောင်မြင်သူ ၂၂၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၁ အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R&D