ကျောက်ဖြူ ဇွန် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန် လျက်ရှိရာ ကျောက်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၆၀.၇၁ ရာခိုင်နှုန်းအထိရှိသည်။
ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင် ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၁၄၈ ဦးရှိကာ အောင်မြင်သူ ၆၉၇ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၀.၇၁ ရာခိုင်နှုန်းဖြင့် အောင်ခဲ့ကြရာတွင် ဘာသာစုံဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၀ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၀၈ ဦးရှိကာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)
