ကျိုက်မရော ဇွန် ၁၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း QCPR နှင့် CCPR မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကျိုက်မရော) ပညာအားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မော်လမြိုင်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်အေးမှုက QCPR နှင့် CCPR စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၏ အရေးပါမှူအလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ မူလတန်းမှ အထက်တန်းအထိ စာသင်ခန်းအတွင်း သင်ယူစဥ် စစ်ဆေးအကဲဖြတ်ခြင်း (Formative Assessment)၊ သင်ယူအပြီး စစ်ဆေးအကဲဖြတ်ခြင်း၊ (Summative Assessment)မူလတန်းအဆင့် ကျောင်းသားများ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်အရ သင်ယူမှုရလဒ်အဆင့်သတ်မှတ်ခြင်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသားများ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်အရသင်ယူမှု ရလဒ်အဆင့်သတ်မှတ်ခြင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စစ်ဆေးအကဲဖြတ်ခြင်းများနှင့် သင်ယူမှုရလဒ်များအား ပုံစံတကျမှတ်တမ်းတင်ခြင်းတို့ကို ခရိုင်ပညာရေးမှူးရုံးမှ နည်းပြဆရာမများက သင်ကြားပို့ချပေးခဲ့ပြီး တက်ရောက်လာသော ဆရာ၊ဆရာမများ၏ မေးမြန်းဆွေးနွေးမှုများကို နည်းပြဆရာမများက ပြန်လည်ဆွေးနွေးပေးခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၄၁ ကျောင်းမှ ထက်၊ လယ်၊ မူ ဆရာ၊ဆရာမ စုစုပေါင်း(၂၈၂) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁)ရက်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)