ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲနှင့် သုတ၊ ရသ စာအုပ်စာပေများလှူဒါန်း

ရန်ကုန် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲနှင့် သုတ၊ ရသ စာအုပ်စာပေများလှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများမှ စာကြည့်တိုက်မှူးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလိုအပ်ချက်များကို စွမ်းစွမ်းတမံစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားခဲ့ပြီး ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများက စာကြည့်တိုက်ရှိစာအုပ်စာစောင်များ၊ ပရိဘောဂများနှင့် မိမိတို့စာကြည့်တိုက်အတွက် လိုအပ်သည်များကို အသီးသီးဆွေးနွေးကြသည်။ ယင်းနောက်စာကြည့်တိုက်သို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာတို့က မြို့နယ်ရပ်ကွက်စာကြည့်တိုက်များသို့ သုတ/ ရသ စာအုပ်စာပေများ လှူဒါန်းကြောင်း သိရှိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)