စေတုတ္တရာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ဟောပြောပွဲ၊ ပြပွဲများကျင်းပ

စေတုတ္တရာ ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို)အဖြစ်စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Communitycentre) ခန်းမတွင် ယ‌နေ့နံနက်ပိုင်း (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က ၂၀၂၄ ခုနှစ် ဇွန်လ(၂၆)ရက်နေ့၌ ကျရောက်မည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရာများ၊ ကျောင်းသားလူငယ်များအကြား ပြန့်နှံ့ဝင်ရောက်နေသောစိတ်ကြွရူးသွပ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ဆိုးကျိုးများကိုပြောကြား၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ခေါင်းစဉ်ဖြင့် အ.ထ.ကစေတုတ္တရာအလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား၊ကျောင်းသူ(၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လှိုင်စုခိုင်နှင့်အဖွဲ့ဝင်များ၊ လူငယ်ရေးရာကော်မတီဝင်များပူးပေါင်းကာ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲဆုရရှိသူများအား ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများပေးအပ်ချီးမြှင့်ကာ ပြသထားရှိသော အသိပညာပေးနံရံကပ်စာအုပ်များကြည့်ရှု၍ အ.ထ.က(စေတုတ္တရာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် စာအုပ်၊စာစောင်များအား လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)