အမာ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမဆောင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မိဘဆရာတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိဘဆရာ တွေ့ဆုံဆွေးနွေးပွဲတွင် ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက ကျောင်းတွင် သင်ကြားနေသော ပညာရေးစနစ်အကြောင်းနှင့် ဆွေးနွေးပွဲပြုလုပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး “မိဘဆရာပူးပေါင်းကလေးပညာကောင်း” ဆောင်ပုဒ်နှင့်အညီ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို တက်ရောက်လာသောမိဘများက ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အမာ (ပြန်/ဆက်)